အင်္ဂုတ္တရနိကာယ်

(၂၃) ၃-ဒုစ္စရိတဝဂ်

၁၁-ကဝိသုတ်

၂၃၁။ ရဟန်းတို့ ပညာရှိ ‘ကဝိ’ ပုဂ္ဂိုလ်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ကြံ၍ ပြုစီရင်နိုင်သော ပညာရှိ ‘စိန္တာကဝိ’၊ ကြား၍ ပြုစီရင်နိုင်သော ပညာရှိ ‘သုတကဝိ’၊ တစ်စုံတစ်ခုအနက်ကို မှီ၍ ပြုစီရင်နိုင်သော ပညာရှိ ‘အတ္ထကဝိ’၊ တစ်ခဏခြင်း မိမိဉာဏ်ဖြင့် ပြုစီရင်နိုင် သော ပညာရှိ ‘ပဋိဘာနကဝိ’တို့တည်း။ ရဟန်းတို့ ပညာရှိ ‘ကဝိ’ ပုဂ္ဂိုလ်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

သုံးခုမြောက် ဒုစ္စရိတဝဂ် ပြီး၏။