အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ယောဓာဇီဝဝဂ်
၃-မိတ္တသုတ်
၁၃၆။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို မှီဝဲထိုက်၏၊ အဘယ်အင်္ဂါသုံးမျိုးတို့နည်းဟူမူ— ပေးနိုင်ခဲသည်ကို ပေး၏၊ ပြုနိုင်ခဲသည်ကို ပြု၏၊ သည်းခံနိုင်ခဲသည်ကိုသည်းခံ၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို မှီဝဲထိုက်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။